Friday, January 29, 2010

MAဒုတိယနစ်



MAကျမ်းပြု



MAပထမနစ်စာရင်း


အဖြေရှာပါပြဿနာ

ပြဿနာတစ်ခုဖြစ်လာပြီဆိုလို့ရှိရင် (၁) အရင်းအမြစ်ဖြစ်ဲတဲ့ပြဿနာဖြစ်ပေါ်လာခြင်းရဲ့အကြောင်းတရာကို
အရင်ဆုံးရှာရမယ်(ဥပမာ)ဘာကြောင့်ဒီပြဿနာဖြစ်တာလဲ။အရင်းအမြစ်ကိုရှာရမယ်။ရှာရင်တွေမယ်တွေရင်။
(၂)လက်ခံနိုင်စွမ်းရှိရမယ်။ရှာ၍ရလာသောအကြောင်းတရားကိုဓမ္မဓဌာန်ကျကျ (သဘာဝကျကျ)ဘက်ခံနိုင်ရမယ်
(ဥပမာ)ဘယ်ဟာမှားလို့ဖြစ်တာ။ဘယ်သူမှားလို့ဖြစ်တာ။သဘာဝကျကျလက်ခံနိုင်ရမယ်။(၃)အကြောင်းအကျိုးကို
ဆင်ခြင်ရအုံးမယ်။ ပြဿဖြစ်လာရပုံကိုအပြန်ပြန်အလှန်လှန် ဆင်ခြင်ပြီးတော့စဉ်းစားကြည့်ရမယ်(၄)အဓိကနဲ
သာမညခွဲတက်ရမည်။ (၅)အဓိကကျတဲ့အကြောင်းတရားရဲ့တန်ဖိုးကိုကိုယ်ကဆုံးဖြန်တတ်ရမည်။(၆)ကိုယ်လုပ်ရမယ့်အစီအစဉ်ကိုဆက်ပြိး
တော့အကောင်အထည်ဖော်ရမည်။

Thursday, January 28, 2010

ဝမ်မြောက်ဖွယ်၇ာတနေ့တာ

၂၈-၁-၂၀၁၀။တိပိဋကရွှေရတုဆရာတော်ဘဒ္ဒန္တဂန္ဓမာလာ(Ph,D) ထိုင်းနိုင်းငံရောက်မြန်မာကျောင်သား
ရဟန်တော်များအဖွဲ့၏သြ၀ါဒဆရာတော်အဖြစ်လက်ခံ၍ စရာတော်ကြီးမှလဲးထိုင်းနငိးငံရောက်မြန်မာကျောင်း
သားရဟန်တော်များအနေဖြင့် ထိုင်းစဉ်းမျဉ်ဥပဒေကိုလဲမပပြောက်စေပဲး မြန်မာနည်းမြန်မာ့ကိုလဲး ဆက်လက်
ထိန်းသိမ်းနေထိုင်းသွားရန်နှင့် စည်းလုံးညီးညာစွာ သာသနာ့တာဝန်ကို အတူဝိုင်းဝန်းထန်းဆောင်နိင်ရန်လိုအပ်
သောကြောင့် အတူလက်တွဲးဆက်လက်သွားကြရန်လို.အပ်သောကြောင့်ထိုင်းနိုင်းငံအတွင်းစာသင်ရန်ရောက်ရှိ
ကြကုန်သောမြန်မာစာသင်သားရဟန်တော်များအားလုံးလိုက်နာကျင့်သုံးကာ သာသနာသုံးရပ်ကို နိုင်ရာတာ
ဝန်ကိုအသီးသီးကိုစိးထိန်းသိမ်းဖို့လိုအပ်ကြောင်း ဆရာတော်အနေနှင့်လဲး ထိုင်းနိုင်ငံသို့ရောက်ရှိသည့်အခါတိုင်
အဖွဲ့အစီး၏။သြ၀ါဒဆရာကောင်းပီပီ ချီးမြင့်ဟောကြားခဲ့ပါသည်။ ပြီးနောက်သံးရုံးရှိဒကာဒကာမများနှင့်လဲးလက်
တွဲးသင့်ကြောင်း။ ဆရာတော်၏သြ၀ါဒကိုအဖွဲ့ဝင်ဆရာတော်သံဃာတော်များသွားရောက်ခံယူကြပါသည်။

Monday, January 25, 2010

အမြင်မတူ

ဟိုးတုန်းက လူတစ်ယောက်မှာ သားလေးယောက်ရှိတယ်။ သူ့မှာ ဆန္ဒတစ်ခုရှိတယ်။
အဲဒီဆန္ဒကတော့ သူ့သား လေးယောက်ကို အရာရာမှာ
ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိေ
စချင်တယ်။ အကြောင်းအရာတခုခုကို
တစ်ခဏအတွင်းကြည့်ပြီးဆုံးတာမျိုးမလိုချင်ဘူး။
ဒီလိုနဲ့ တစ်နေ့တော့ သားလေးယောက်ကို ခေါ်ပြီး ပြောတယ်။ ဟိုးတောထဲမှာရှိတဲ့
သစ်တော်သီးပင်ကိုသွားကြည့်ခိုင်းပြီး ဘာတွေတွေ့ခဲ့တယ်ဆိုတာကို
ပြန်ပြောခိုင်းတယ်။
ပထမသားက ဆောင်းရာသီမှာ အဲဒီသစ်တော်သီးပင်ကို သွားကြည့်ခဲ့တယ်။ ဒုတိယသားက
နွေဦးရာသီမှာ သွားခဲ့တယ်။ တတိယသားက နွေရာသီမှာ သွားခဲ့ပြီး
စတုတ္ထသားကတော့ ဆောင်းဦးရာသီမှာ သွားခဲ့တယ်။
အားလုံးပြန်ရောက်လာတဲ့အချိန်မှာ ဖခင်ဖြစ်သူက ဘာတွေတွေ့ခဲ့သလဲလို့မေးတော့ -
ပထမသားက- သစ်ပင်တွေက ကြည့်ရတာ အရမ်းဆိုးတယ်။ တစ်ပင်လုံး အရွက်မရှိ၊
ရိုးသံကျဲကျဲ နဲ့ ကောက်ကွေးနေတယ်။
ဒုတိယသားက- မဟုတ်ဘူး။ သစ်ပင်တပင်လုံး အစိမ်းရောင်အဖူးအခက်တွေနဲ့ ပြည့်နေတယ်။
တတိယသားက အပေါ်ကသားနှစ်ယောက်ပြောတာကိုသဘောမတူဘူး။ သူကြုံခဲ့ရတာက
ပန်းတွေပွင့်နေပြီး ပန်းရနံ့တွေ မွေးကြိုင်းနေတဲ့အချိန် ဖြစ်တယ်။ [...]

ချစ်သာမေမေ

သို့  ချစ်သောမေမေ

အမေ အမေ.... ဖုန်းထဲမှာဘဲ ခေါ်နေရတာ အားမရလိုက်တာဗျာ....

အမေနဲ့ နီးနေခိုက်တော့ ဆိုးလို့ ကောင်းတုန်း ပေကောင်းတုန်း.... အမေနဲ့  ဝေးသွားရတော့ အမေ့တန်ဖိုး ကျနော်ကောင်းကောင်းကြီးသဘောပေါ
က်သွားပြီ အမေ....

အမေ့ကို အရမ်းသတိရတယ် အမေ.... အမေ ချက်ကျွေးတဲ့ ဟင်းမစားရတာကြာပြီ....မိသားစု လက်ဆုံစားဝိုင်းလေး အခုဆို ကျနော့်ကိုမျက်စိရှာနေမှာနော်.....

အမေ ခွန့် ကျွေးတဲ့ထမင်း ဘယ်ကမ္ဘာရောက်သွားပြီလဲ...

မနက်တိုင်းနှိုးထနေတဲ့ အမေ့အသံ.. အခုတော့ဟိုးး အဝေးကြီးမှာ ကျန်ခဲ့ပြီ....

ကျနော်နေမကောင်းတုန်းက ဖုန်းထဲမှာ အမေငိုတယ်နော်...အမေမျက်ရည်ကျရင် ကျနော်လည်းကျတယ် အမေ... အမေ မငိုနဲ့ တော့နော်... ကျနော်အခုနေကောင်းနေပြီ အမေရ....

အမေ ဘ၀တိုက်ပွဲတွေက ပြောသလောက်မလွယ်ဘူးဗျာ.... ပင်လယ်ရေလှိုင်းကြီးလိုဘဲ ...တစ်ခါတစ်ခါ ခက်ထန်လိုက် တစ်ခါတစ်ခါ နူးညံ့လိုက် တစ်ခါတစ်ခါ ကြမ်းတမ်းလိုက်... ဒါပေမယ့် အမေ့သားဘဲ အမေ့သွေးအင်အားတွေအပြည့်ပါ....

တစ်ခါကအမေပြောဖူးတယ်နော် `တောင်တက်သမားတွေက ဒီတောင်ကြီးကို မိမိတို့ ရဲ့  ခြေထောက်အောက်ကို ရောက်ဖို့ စွန့် စားကြိုးစားကြတယ်တဲ့´ ..... အဲ့ဒီတုန်းကသားလည်း သိပ်မနားလည်လိုက်ဘူး အမေ.... ကျနော်ဘ၀တစ်သက်မှာ အမြဲထင်ကျန်နေမယ့် စကား.... စိတ်ချအမေ သားရည်မှန်းချက်မပျောက်စေရဘူး....

အမေနဲ့ မငြင်းမစ ရတာတောင် တော်တော်ကြာပြီ... အမေ့ အပြုံး ..... လွမ်းလိုက်တာဗျာ....း'(

အမေ နေကောင်းကျန်းမာရဲ့ လား.... ဟိုနေ့ ကစကားပြောတော့ နှာသံပေါက်နေတယ်နော်... အခုချိန်ဆို တောင်ကြီးမှာ အေးစပြုနေပြီ.... ဆေးသောက်ဦးနော် အမေ... အမေ ကျန်းမာ မှ သားလည်းစိတ်ချမ်းသာမှာ...

အမေ အသက် ၄၀ ပြည့်တဲ့ အထိ သားနဲ့ အမေ အတူတူရှိတုန်းနော်... ဒီနေ့  အမေ့မွေးနေ့ အမေ့ဘေးမှာ သားမရှိဘူး.... သားအမေ့ကိုဒီကနေဘဲ ဦးချကန်တော့တယ်အမေ...

တစ်ဘ၀မှာ တစ်ယောက်ဘဲ ရှိတယ့် အမေ.... အမေ့ကျေးဇူးတွေသားဒီတစ်သက်ဘယ်လိုဆပ်ရမလဲ.....
အမေပျော်ရွှင်ပါစေ .... သားအမြဲဆုတောင်းနေတယ် အမေ....

















ဒီပိုစ့်လေးကို ကျနော် စက်တင်ဘာလ ၂၆ ရက် ၂၀၀၈ ခုနှစ်တုန်းက ရေးခဲ့တာပါ.... ကျနော် အရမ်းချစ်တဲ့ အမေ့ကို သတိရလွန်းလို့  မျက်ရည်များစွာနဲ့  ရေးချခဲ့မိပါတယ်....

ဒီလိုဘဲ.... မိဘတွေရဲ့  ဂရုစိုက်မှု ဆုံးမမှု တွေကို သူတို့ နဲ့  အနီးမှာ ရှိနေခိုက်တော့ ဒီဘက်နားဝင် ဟိုဘက်နားကထွက်သွားတာဘဲ.... ဒါတွေဟာ ဘယ်တော့မှ အရာထင်လာလည်းဆိုတော့ မိဘနဲ့ ဝေးရာ တစ်နေရာကို ရောက်မှဘဲ ဘယ်လောက်ထိတန်ဖိုးကြီးမားတယ်.. ဘယ်လောက်ထိ နွေးထွေးသလဲဆိုတာ စာဖတ်သူတို့ လည်း ခံစားမိမှာ သေချာပါတယ်ဗျာ....

အမေများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေဗျာ

မေမေ

လင်ကွန်းရဲ့အမေ
သခင်အောင်ဆန်းရဲ့အမေ
ထူးအိမ်သင်းရဲ့အမေ
နေဇာမျိုးဝင်းရဲ့အမေ
အမေတွေဆိုတာက ဘယ်လိုသားကိုမဆို
တိုင်းပြည်ဖျက်ဖို့ မွေးခဲ့တာမဟုတ်
တိုင်းပြည်ကောင်းဖို့ မွေးခဲ့ကြတာပဲဖြစ်တယ်။

အရပ်သားရဲ့အမေ
ဘုရားသားရဲ့အမေ
တိုင်းရင်းသားရဲ့အမေ
ကျောင်းသားရဲ့အမေ
ရဲသားရဲ့အမေ
သံလမ်းလုပ်သားရဲ့အမေ
လယ်သမားရဲ့အမေ
စစ်သားရဲ့အမေ
သားအားလုံးရဲ့အမေ
အမေတိုင်းက သားအတွက်ဆို
ရင်ဘတ်တခြမ်း အပုတ်ခံမယ်
ကောင်းကင်က ကြယ်တစ်လုံးကို သားနံမည်ထိုးဖို့
ခေါင်းထဲက ဦးနှောက်ကိုထုတ်ပြီး အသုံးချမယ်
သားအတွက်ဆို အမေဟာ
အရဲရင့်ဆုံးနဲ့ အကြောက်တတ်ဆုံး “သူရဲကောင်းဖြစ်တယ်”။

ဒါပေမဲ့ အမေရယ်
တစ်ခုတော့ အကြံပေးချင်တယ်
သားတွေကို “ဆရာကောင်း” ရွေးပေးစေချင်တယ်

ဆရာမကောင်းရင်
တိုင်းပြည်မှာ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ၊ ဥစ္စာ ညောင်းရမယ်
အမေ့မျက်စိရှေ့မှာ မြင်နေတယ်၊ မြင်တယ်၊ မြင်ရမယ်
အမေနဲ့သား ရင်တစ်ခွင်မှာ အောင်မြင်သွားပါစေ
မေတ္တာတွေပွား လွတ်လပ်ခြင်းတရားနဲ့ ပေါင်းဆုံကြပါစေ။ ။