Wednesday, June 9, 2010

ဟာသ



ခေတ်ဆန်သော၊ အလှအပ ကြိုက်တတ်သော၊ ရဲတင်း ပွင့်လင်းသော မိန်းမပျို တဦးသည် လေယာဉ် ခရီးစဉ် တခုတွင် ဘုန်းတော်ကြီး တဦးနှင့် ဘေးချင်း ယှဉ်လျှက် လိုက်ပါလာ၏။

သူမသည် ရင်ခွင်ထဲမှ ခရီးဆောင် လက်ပွေ့အိတ်ကို ဖွင့်ယင်း အထဲမှာ ပါလာသော ပစ္စည်းတခုကို မကြာခဏ ထုတ် ထုတ်ကြည့် နေမိ လေ၏။ သူ၏ မျက်နှာ ပေါ်တွင်လည်း ထိတ်လန့်ခြင်း၊ စိုးရိမ် သောက ဖြစ်ခြင်း၊ ကြံရာ မရ ဖြစ်ခြင်းက ဖုံးမရ ဖိမရ အထင်းသား ပေါ်လွင်လျှက်ရှိသည်။

ထိုသို့ဖြင့် လိုက်ပါလာယင်း မကြာမီတွင် ရုတ်တရက် အကြံတခုရကာ နံဘေးမှ ပတီးစိပ်၍ လိုက်ပါလာသော ဘုန်းတော်ကြီး ဘက်သို့ လှည့်၍...

“တပည့်တော်ကို တခုလောက် ကူညီနိုင်မလား ဘုရာ့” ဟု ပြောလိုက်လေသည်။

ဆိုင်းမဆင့် ဗုံမဆင့် ဆိုလိုက်သော သူမ၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားသော ဖာသာကြီးသည် စိပ်လက်စ ပုတီးကို ပေါင်ပေါ်တင်ရင်း...

“ပြောလေ ဒကာမလေး။ ကိုယ်တော် ကူညီနိုင်တာရှိရင် ကူညီတာပေါ့”

“ဟုတ်ကဲ့။ သမီး ဒီကနေ့ပဲ စူပါမားကက်ကနေ အမျိုးအစား ကောင်းတဲ့ နှုတ်ခမ်းနီတောင့် တတောင့်ကို ဈေးကြီးပေးပြီး ဝယ်လာခဲ့မိ လို့ပါရှင့်။ အသစ် စက်စက်မို့ လေဆိပ်က အကောက်ခွန်မှာ အခွန်တွေ အများကြီး ဆောင်ရမှာ ကြောက်လို့... အဲဒါ ဖာသာကြီးရဲ့ ဝတ်ရုံသင်္ကန်း အောက်ထဲမှာ ဖွက်ပြီး ယူသွားပေးဖို့ အကူအညီ တောင်းကြည့် တာပါ ရှင့်။”

“အင်း... ဒါလောက်တော့ လုပ်ပေးနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းက လိမ်ပြောလို့ မရဘူးကွဲ့။ လေဆိပ်ရောက်လို့ အခွန်ဆောင်စရာ ပါသလား မေးရင် ဘုန်းဘုန်းက အမှန်အတိုင်း ဖြေရမှာ... ဒါလိုဆိုရင်ကော ဖြစ်ပါ့မလား သမီးရဲ့...”

“မှန်ပါ” အမျိုးသမီးမှာ တချက် စဉ်းစားယင်း...

“ဟုတ်တော့ ဟုတ်တယ် ဘုန်းဘုန်းရဲ့။ ဒါပေမယ့် ဒီလိုလုပ်ရင် မဖြစ်နိုင်ဘူးလား” ဟုဆိုကာ ဘုန်းတော်ကြီးနား နားသို့ တိုးတိုးကပ်ပြော လိုက်သည်။

ထို့နောက် “အဆင်ပြေသွားမှာပါ ဘုရား” ..ဟုဆိုယင်း သူ၏ နှုတ်ခမ်းနီတောင့်ကို အိတ်ထဲမှ ထုတ်၍ ဘုန်းတော်ကြီးအား ပေးလိုက်လေ၏။

... ... ...

လေဆိပ်သို့ ရောက်သောအခါဝယ် တာဝန်ရှိသူ အကောက်အခွန် အရာရှိမှ ဘုန်းတော်ကြီးအား အခွန်ဆောင်ရန် ပစ္စည်းပါလျှင် ထုတ်ပြရန် တောင်းပန်လေ၏။ ထိုအခါ ဘုန်းတော်ကြီးက အမျိုးသမီးငယ် နှင့် တိုင်ပင် ထားသည့်အတိုင်း...

“ဦးခေါင်းကနေ ခါးအထက်အထိတော့ ဘာမှ မပါပါဘူး ဒကာကြီးရဲ့” ဟု ဖြေလိုက်လေသည်။

ဘုန်းကြီး ဖြေလိုက်သော အဖြေကြောင့် ဇဝေဇဝါဖြစ်သွားသော အရာရှိက မကျေနပ်သေးဘဲ...

“ဒါဆို ခါးအောက်ပိုင်းမှာတော့ ပါလာတယ်လား ဘုရာ့” ဟု ပြန်၍ မေးပြန်လေ၏။

“အေးကွဲ့... ခါးအောက်ပိုင်းမှာတော့... ဘုန်းဘုန်းမှာ... အမျိုးသမီးတွေ အတွက် ဟို.. ဟိုဒင်း... ပစ္စည်းတခုတော့ ပါတယ်ကွဲ့... ဒါ.. ဒါပေမယ့် ဘုန်းဘုန်းဘဝမှာ တခါမှတော့ သုံးမကြည့် ဖူးသေးဘူး။ မောင်ရင် ကြည့်ချင်ရင်တော့ ကိုယ်တော် ထုတ်ပြမယ်လေ...”

ထိုသို့ ဖြေလိုက်သော အခါမှာတော့ အကောက်အခွန် အရာရှိ လူငယ်သည် အားရပါးရ ရယ်မောရင်း ဘာမှဆက်၍ မေးမြန်း မနေတော့ဘဲ ဘုန်းတော်ကြီးကို ဆက်လက် ထွက်ခွာခွင့် ပြုလိုက် လေတော့သတည်း။

Saturday, March 20, 2010

သတိထားပါ

ကိုယ်ရည်စားကလည်း လူမှောင်ခို ကူးပါတယ်......
ဥပမာ။ ။ အင်တာနက်ထဲမှာ တွေသော ချစ်သူရည်စားမျိုး၊ ကိုယ်တခါမှမတွေဘူး၊ မမြင်ဘူး သူတယောက်နဲ့ အကျွမ်းဝင်ပြိး ချစ်သူရည်စားဖြစ်ကာ
ယုံကြည်လာအောင် အမျိုးမျိုးစည်းရုံးသိမ်သွင်းပြိး ပြည်တွင်းနယ်စပ်ဒေသရှိမြို့ များ၊ ပြည်ပနိုင်ငံများသို့ အလုပ်အတူတူလုပ်ရန်၊ အတူခိုးရာလိုက်ပြေးရန် စည်းရုံးခေါ်ဆောင်ပြိး ရောင်းစားတတ်ပါတယ်။

ပြည်ပနိုင်ငံများသို့ တရားဝင်သွားပြိး အလုပ်လုပ်ရန်၊ ပညာသင်ရန် လုပ်ဆောင်နေကြသော အမျိုးသမီး၊ အမျီုးသားများအနေနဲ့
မိမိတို့ ဆက်သွယ်လုပ်ဆောင်သော ပြည်ပအလုပ်ကိုင် ရှားဖွေရေး အေဂျင်စိဟာ နိုင်ငံတော်အစိုးရက အသိမှတ်ပြုသော၊ အလုပ်သမား ၀န်ကြိးဌာန
တွင် တရားဝင် မှတ်ပုံတင်ထားသော လိုင်စင်ရ အေဂျင်စိ ဟုတ်မဟုတ်ကို အလုပ်သမားဝန်ကြိးဌာနရုံးများတွင် ကြိုတင် စုံစမ်းပြီးမှ လုပ်ဆောင်ကြပါရန်။

ကိုယ်နေထိုင်ရာ ရပ်ရွာဒေသမှ ကိုယ်ယုံကြည်ခင်မင်ရသော လူတယောက်က ငွေကြေးမက်လုံးများဖြင့် မိမိနေထိုင်ရာ ရပ်ရွာဒေသနဲ့ အလှမ်းဝေးသော ပြည်တွင်နယ်စပ်ဒေသရှိမြိုများ၊ ပြည်ပနိုင်ငံများသို တရားမ၀င်အလုပ်လုပ်ရန် ပြောဆိုစည်ရုံးသိမ်သွင်းပါက လုံးဝလက်မခံပါနဲ့ မယုံကြည်ပါနဲ့

အိမ်မှထွက်ပြေးလာသော စိတ်ညစ်ပြိး လျှောက်သွားနေသော မိန်းကလေး၊ယောက်ကျားလေးများက မိးရထားဘူတာရုံများ မြို့ပြင်အရပ်ရှိ ကားဂိတ်များတွင် လူမှောင်ခိုပွဲစားများက စည်းရုံးသိမ်သွင်းတတ်သည်။
ပြန်ပေးဆွဲတတ် သည်။

ဥပမာ။ ။ မိးရထားဘူတာရုံများ မြို့ပြင်အရပ်ရှိ ကားဂိတ်များတွင် ယောင်လည်လည်ဖြစ်နေသော မိန်းကလေး၊ယောက်ကျားလေးများက ကိုယ်တခါမှ မမြင်ဘူးသူ မရင်နှိးဘူး လူတယောက်က အလုပ်ကိုင်နေစရာ ရမည်ဟု အပြောကောင်းအဆိုကောင်းဖြင့် စည်းရုံးသိမ်သွင်းပါက လုံးဝမယုံကြည်သင့်ဘဲ ချက်ချင်းထွက်ပြေးလာခဲ့ပါ။

Sunday, February 7, 2010

အလွမ်းစွဲးနာ

မျှော်လင့် ခြင်းကို..
ချစ် သူဆီမှာ ပဲ.. အပြီး အပိုင် ထား ခဲ့...။။
အနမ်းနဲ့ ပျိုးတဲ့... ရနံ့ တွေ လည်း...
အဝေးရပ်မှာ ပဲ...ဆွံ့  အ ခဲ့....။။
အိမ်မက်တွေ ကို အရေး တကြီး...ပျိုး ခဲ့မိ ခြင်းက..
အလွမ်းဆို တဲ့ သင်္ကေတ ကို...
ခါးပိုက် ပိုက် ခဲ့ မိ ခြင်းပဲ....။။
အသိစော တယ် ပြောပေမဲ့...
အလွမ်းရော ဂါ က....
ကုသလို့ မပျောက် ဘူး........။။
မင်းရဲ့  ဘူတာစဉ် သွား ရာနောက်ကို..
ငါ့အတွေးတွေ ကောက် ကောက်ပါအောင်
လိုက်နေမှာ..................
အလွမ်း မိုးရွာလို့ ...
နှလုံးသားတွေ ပြာနှမ်းနေလဲ..
အလွမ်းစွဲနာ... အာ သာမပြေဘူးးး..

ချစ်တယ်

ချစ်သူ မင်းကိုချစ်တယ်
ရှင်သန်နေ့တဲ့ပန်းလေးတစ်ပွင့်
မညိုးနွမ်းအောင် စောင့်ထိန်းမှုနဲ့
ချစ်သူ မင်းကိုချစ်တယ်
သာယာနေ့တဲ့မနက်ခင်းတစ်ခုလို
လှပစွာ ကျေနပ်နေတဲ့အပြုံးနဲ့
ချစ်သူ မင်းကိုချစ်တယ်
အချိန်နာရီတွေ ရွေ့ လျားလှုပ်ခတ်
ရင်ခုန်သံတစ်ခု စည်းချက်ညီသလို
ချစ်သူ မင်းကိုချစ်တယ်
မုန်တိုင်းလွန်စဲ ပြီးဆုံးတဲ့နောက်
လေပြေလေညှင်း ပွေ့ဖက်နမ်းးသလို
ချစ်သူ မင်းကိုချစ်တယ်
ဘာသာမတူတဲ့ မျက်ဝန်းအနက်
တိတ်တခိုးလေး အကြည့်တစ်ချက်ပေါ့
ချစ်သူ မင်းကိုချစ်တယ်
ငါ့နောက်ကျော ဓါးတစ်လက်
ထိုးဖောက် ၀င်ရောက်သလိုမျိုး
ချစ်သူ မင်းကိုချစ်တယ်
မဖွင့်ပြော ရဲလောက်တဲ့အထိ
ဥပက္ခာ ဒုက္ခတစ်ခုငါ့မှာ ရှိလို့
ချစ်သူ မင်းကိုချစ်တယ်
အဖြူရောင် အသည်းပိုင်ရှင်လေးမို့
စွန်းထင်းမှာ စိုးရိမ်လွန်းကဲသောကြောင့်
ချစ်သူ မင်းကိုချစ်တယ်…။


ချစ်သူသိရန်မလိုသော

အချိန်တန်ရင် အိမ်ပြန်မယ်
မင်း ပြောမထွက်တဲ့ စကား
အလိုလို နားလည်ထားပေမယ့်
ခဏလေးများစွာ ကြင်နာတာကို
သာယာရင်း ယစ်မူး
မေ့လျော့ကြည်နူးခြင်းနဲ့ ငါ့ကမ္ဘာ
လှပတာ လွန်လွန်းတယ် . . .။
ယတြာချေလို့မပျောက်တဲ့
နောက်ကျခြင်းကြောင့်
အနာဂတ်ဆိုတာ ၀င်လာခွင့်မရှိတဲ့အရာ
ဒီချစ်ခြင်းမှာ ရင်နာစွာ
ကြိုရွာတဲ့ အလွမ်းတွေနဲ့
ပစ္စုပ္ပန်တွေ ငါ့အတွက် အဖိုးတန်ခဲ့တယ် . . . ။

ကျီစားတာလွန်တဲ့ ကံတရားကို
ရန်စကား မဆိုဖြစ်လောက်အောင်
တွဲထားမိတဲ့ လက်တစ်စုံကို မက်မော
အတူရှိတဲ့ ခနတိုင်းကို နှမြောရင်း
မင်းမရှိဘူး ဆိုတဲ့ အိပ်မက်မျိုးမှာ
ယောင်ချာချာ ငါရူးဖူးတယ် . . . .

မနက်ဖြန်ဆိုတာ ရှိပေမယ့်
ချစ်ခွင့်မရှိတဲ့ မနက်ဖြန်တွေဖြစ်မှာ စိတ်မော
ဒီလိုနဲ့ . . . .
ငါ့ညတွေ သေငယ်ဇောနဲ့မြောခဲ့ပြန်တယ် . . . ။ ။

Monday, February 1, 2010

ကိုကျော်သူ

ကက်ကင်း
(ရုပ်ရှင်မင်းသား၊ ပရဟိတသမား၊ ပြည်သူ့ဘက်တော်သား၊ မိစ္ဆာဆန့်ကျင်ရေးသမား
"ကျော်သူ" ၏ "ကက်ကင်း" စာစုကို သူ၏ FACEBOOK စာမျက်နှာမှ ကူးယူဖော်ပြသည်)



ပီတိဖြစ်လိုက်ရသည်ဖြစ်ခြင်း....
ရင်ခုန်လိုက်ရသည်ဖြစ်ခြင်း...။
ပျော်လိုက်ရသည်ဖြစ်ခြင်း....။


လွန်ခဲ့သည့် ( ၅ ) နှစ်ကျော်...နှစ်သစ်ကူးရက်များနှင့် ရုပ်ရှင် အနုပညာသည်များ၏ မှတ်တိုင်များ
စိုက်ထူခဲ့ကြသည့်ည....။
အကယ်ဒမီည။
ထိုနေ့...ထိုညများသည် မိမိနှင့် မသက်ဆိုင်တော့။

ရုပ်ရှင်အနုပညာလောကနှင့် တဖက်သက် ကွားရှင်းပြတ်စဲ ပြီးစီးခဲ့သည်မှာ ( ၂ ) နှစ်ကျော် ( ၃ ) နှစ်ထဲသို့ ၀င်လာခဲ့ပြီ ဖြစ်သည်။

အကြောင်းရင်းစစ်သော် ဗုဒ္ဓဘာသာဝင် တစ်ယောက်၏ လုပ်ရိုးလုပ်စဉ် တစ်ရပ်ပေါ် အခြေခံသွားသည်။

မိမိသည် အော်ဟစ်ဆူပူသောင်းကျန်း မိသူမဟုတ်။
မိမိသည် လက်သီးလက်မောင်းတန်းဖို့ နေနေသာသာ
လက်နှစ်ဘက်ကို မိမိပခုံးထက်ထိပင် မ မခဲ့။

ရှိစေတော့...ကိုယ့်ကံနှင့်ကို ကမ္ဘာမြေကြီး ပေါ်ရှိ မြန်မာပြည်ကြီး ထဲသို့ရောက်လာခဲ့ပြီးကိုး။
သို့သော် ကျေးဇူးတင်ပါသည် အမိမြန်မာပြည်။

ကျေးဇူးကြီးလှပါသည် ( အဘ ) ဘဘဦးသုခ။
မိမိ၏ ပိရိတ်သတ်၊ မိမိ၏ ကျေးဇူးရှင်များ၊ မိမိနှင့် ပါဝင်ပက်သက်ခဲ့ ဖူးသော ခင်ပွန်းကြီး ( ၁၀ ) ပါး။
မိမိထက်နိမ့်ကျသူများ၊ မိမိထက်မြင့်မားသူများ၊ မိမိနှင့် ကိုးကွယ်ရာ ဘာသာတူသူများ၊ မိမိနှင့် ကိုးကွယ်ရာ ဘာသာမတူသူများ၊ မိမိလေးစား သည့်မိတ်ဆွေများ၊ မိမိရွံရှာခဲ့သော ရန်သူများနှင့် အမိမြန်မာ ပြည်သူ ပြည်သား များအပြင် နိုင်ငံရပ်ခြားမှမိမိတို့ မြန်မာပြည်အတွင်း တွင်ဘ၀ပြောင်းသွားသောသူများ...အားလုံး ..အားလုံး...ငြိမ်းချမ်း လှပအဆင်ပြေမှုရှိအောင် အခမဲ့ အသုဘ ၀န်ဆောင်မှုဖြစ်သော နာရေးကူညီမှု အသင်း(ရန်ကုန်) တည်းဟူသော လူမှုရေးအသင်းအဖွဲ့ပေါ်ပေါက်လာအောင် စတင်ဖွဲ့စည်း မျိုးစေ့ချ ပေးခဲ့သော ဘဘ ဦးသုခ၏ကျေးဇူးနှင့် တရားသဘော (အနိစ္စ၊ ဒုက္ခ၊ အနတ္တ)ကို လွယ်ကူစွာရှာဖွေ ဖော်ထုတ်ပေးခဲ့သော အမိမြန်မာပြည်၏ ကျေးဇူးတရားများပင်ဖြစ်တော့သည်။

“သေသောသူသည် သုဿန်သို့ သက်သက်သာသာသွားသင့်သည်။ ” ...... မဟုတ်ပါလား။
သို့သော်

အများအကျိုး ရွက်သယ်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မငဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ရှေ့ရှုနှင်လော့....။


ဟူသော ရွှေဟင်္သာဆရာတော်ကြီး၏ ဆုံးမသြ၀ါဒ အတိုင်းပင်ဖြစ်ခဲ့သည်။

ဘဘ(ဦးသုခ)၏ ဖေးမမြှင့်တင်မှုစွမ်းအားနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် ငွေအား၊ လူအား၊ဥာဏ်အားနှင့် ကိုယ့်ထမင်းကိုယ်စား ကိုယ့်စားရိတ်နှင့်ကိုယ်သွား၍ ပြည့်သူ့အကျိုး ထမ်းဆောင် မှုပြုကတည်းက...မိမိနှင့် ရုပ်ရှင်မရိုက်ချင်သော ကုမ္ပဏီများ၊ ဒါရိုက်တာများ၊ မင်းသမီးများ ထူးဆန်း အံ့သြဖွယ် ပေါ်ထွက်လာခဲ့သည်။ ပြည်သူကျွေးသောထမင်းကိုစားပြီး ပြည်သူ့အရေးကိစ္စကို မျက်ကွယ်ပြု၍ မိမိအား ရွံရှာသူ၊ မင်္ဂလာ မရှိသူ၊ လာဘ်ပိတ်သူအဖြစ် သတ်မှတ်အကျင်ခံခဲ့ရပါသည်။

လွန်ခဲ့သော (၂) နှစ်ကျော် အချိန်ကာလမှစ၍ ယခုလက်ရှိအချိန်တွင်တော့ မိမိ၏ အချို့သော အနုပညာ လောကသားများသည် မိမိအား တစိမ်းတစ်ယောက်၊ မမြင်ဖူးသောသူတစ်ယောက်၊ အန္တရာယ်ရှိသူ တစ်ယောက်၊ အဖက်မတန်သောသူတစ်ယောက်၊ရွံရှာဖွယ် ကြောက်ရွံ့ဖွယ် တစ်ယောက်ကဲ့သို့ ဖြစ်သွားပြန် ပါပြီ။ ယခင်က ညီအစ်ကိုမောင်နှမသဖွယ် ဆက်ဆံကူညီဖေးမခဲ့သောသူများပင် လမ်းတွေ့လျှင် မခေါ်ရဲ၊ မခေါ်ချင်၊ မပြောရဲ၊ မပြောချင်၊ မမြင်ချင်ဟန် ဆောင်သွားကြသည်။ တယ်လီဖုန်းလေးပင်ဆက်၍ စကား ပြောဖော်မရှိတော့။

တော်လိုက်သည့် ........ အနုပညာရှင်
ပြောင်မြောက်လိုက်သည့် ...... ...... အနုပညာရှင်
ထူးချွန်လိုက်သည့် ........ အနုပညာရှင်


များပင်ဖြစ်တော့သည်။

အရင်းစစ်သော်..ဖန်တီးရှင်၊ တန်ခိုးရှင်၊ ကံဇာတ်ဆရာကြီး၏ တန်ခိုးအာဏာ အစွမ်းထက်မှုကြောင့်ပင်ဖြစ်တော့သည်။

ပီတိဖြစ်လိုက်ရသည်ဖြစ်ခြင်း....
ရင်ခုန်လိုက်ရသည်ဖြစ်ခြင်း...။
ပျော်လိုက်ကြသည်ဖြစ်ခြင်း....။


ယခင်နှင့်ယခု မတူတော့...။
ယခင် အနုပညာလောကမှာ လှုပ်ရှားမှုများက.......... အတ္တဟိတ။
ယခု လူမှုရေးလောကမှာ လှုပ်ရှားမှုများက.............ပရဟိတ။
ယခင်နှင့်ယခု ကွာခြားလှသည်.....။ မိမိ၏ ရင်ထဲ၊ နှလုံးသားထဲ၊ ဦးနှောက်ထဲ ယခုပေါ်ပေါက်လာသည့် ပီတိ၊ ရင်ခုန်မှုအပျော်တို့သည် မိုးနဲ့မြေဖြစ်ခဲ့ပါပြီ ဘဘဦးသုခပြောခဲ့ဖူးပါသည်။ ဆုံးမခဲ့ဖူးပါသည်။

မောင်ကျော်သူ.....မင်းအီတလီဝန်ကြီးချုပ်ကိုသိလား? (မသိပါ)
.....မင်းပြင်သစ်သမ္မတကိုသိလား? (မသိပါ)
......မင်းချာလီချက်ပလင်ကိုသိလား? (သိတာပေါ့)

အေး.....အဲ့ဒါပဲကွ..အနုပညာသည်ဆိုတာ လူတိုင်းသိတယ်။ စစ်မှန်တဲ့အနုပညာသည်ဆိုတာ လူတိုင်းလေးစားတယ်။
ဒါကြောင့်....အနုပညာသည်လုပ်တဲ့....အကျိုးပြုလုပ်ငန်းဆိုတာ..."အောင်မြင်ရမယ်" တဲ့။

ဘဘဦးသုခစကားသည်............
မိမိအတွက် အားဆေးတစ်ခွက်ပင်ဖြစ်တော့သည်။
ဒါကြောင့် ထိုအချိန်မှစ၍ မိမိသည်....အသက်မရှိသူတို့နှင့်သာ ပတ်သက်သွားတော့သည်။
မိမိသည်.....လူတိုင်းမသွားချင်သော သင်္ချိုင်းသုဿန်သို့ အမြဲသွားနေသည်။
မိမိသည်.....လူတွေမေ့ချင်ယောင်ဆောင်မှုကို သိလာသည်။
မိမိသည်.....လူတွေမသိသောအရာများကို မြင်လာသည်။

ထို့ကြောင့်- မိမိ၏ အနုပညာနှလုံးသားကို ငြိမ်းချမ်းမှုအတွက် စတေးပစ်လိုက်တော့သည်။
ဤတွင်....ကျေးဇူးရှင်ဘဘ (ဦးသုခ) ကမ္ဘာမြေပြင်မှမထွက်ခွါခင် မိမိအား ပြောကြားခဲ့သည့် နောက်ဆုံးစကားရပ်ကို ကြားယောင်မိပါသည်...။

“မောင်ကျော်သူ...မင်းနဲ့ဘဘက အကျိုးပေးတယ်...ကက်ကင်း” တဲ့
ဟုတ်ပေသားပဲ....
သုခ ၊ ကျော်သူ ။
(သောကြာ+တင်္နလာ) ၊ (တနင်္လာ+သောကြာ)

ကျော်သူ ၊ သုခ ။
(တနင်္လာ+သောကြာ) ၊ (သောကြာ+တင်္နလာ)။

ထိုအခါ...မိမိ၏ဦးနှောက်ထဲ ဖျတ်ခနဲပေါ်လာ၍ ဆတ်ခနဲပြန်ပြောမိသည်။
“ ဟာ..ဘဘ...ဒါဆို ကျနော်က သင်္ချိုင်းနဲ့လည်း အကျိုးပေးတာပေါ့...”
ကျော်သူ၊ သင်္ချိုင်း။ သင်္ချိုင်း၊ကျော်သူ လေ”...။
“ မှန်လိုက်လေ...... ဟုတ်လိုက်လေ....မောင်ကျော်သူရယ်တဲ့..” တဲ့
ဟုတ်ပါတယ်.... မောင်မောင်(ကျော်ဝင်း) ဆိုတဲ့လူတစ်ယောက် ကမ္ဘာမြေပြင်ကိုရောက်လာပြီး “ကျော်သူ” ဟူသော အမည်နာမနှင့် ဘ၀ဘ၀တွေကို ဖြတ်သန်းကျော်ဖြတ်တဲ့ အချိန်မှစပြီး ပေးဆပ် လိုက်ရတဲ့ ပေးဆပ်မှုတွေ....“ကက်ကင်း”ကိုက်ပြီး သင်္ချိုင်းမြေနှင့် အကျိုးပေးခဲ့ရသည်မှာ ယနေ့တိုင်....။

မိမိပီတိဖြစ်လိုက်ရသည်..........ဖြစ်ခြင်း။
မိမိရင်ခုန်လိုက်ရသည်..........ဖြစ်ခြင်း။
မိမိပျော်လိုက်ရသည်..........ဖြစ်ခြင်း။


သို့သော်...အားလုံး..အားလုံး..အလုံးစုံတို့သည်...အနိစ္စ၊ ဒုက္ခ၊ အနတ္တ။

တရားသိသလိုလို..တရားရှိသလိုလိုနဲ့
ဝင်လေထွက်လေရပ်ပြီး
ငါ့နောက်မလိုက်ခဲ့နဲ့။


ကျော်သူ
(၂၊ ၁၁၊ ၁၉၅၉) မှ (----- ၊----- ၊--------)